MKF Referee and Coach list

Friday, 26 October 2018 855

မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် နိုင်ငံတကာပြိုင်ပွဲများတွင် သွားရောက်တာဝန်ထမ်းဆောင်နိုင်ကြမည့် အဖွဲ့ချုပ်အသိအမှတ်ပြုလိုင်စင် NF Referee and Coach License ရရှိထားပြီး၊ AKF နှင့် WKF Referee and Coach License အသီးသီးကိုပါ ရရှိအောင်မြင်ထားသူများစာရင်းအား ဖော်ပြအပ်ပါသည်။ ။

"ရှင်းလင်းချက်"

၁။ NF License ရရှိထားသူဆိုသည်မှာ မြန်မာနိုင်ငံကရာတေးအဖွဲ့ချုပ်တွင် ပုံမှန်ဖွင့်လှစ်သင်ကြားစစ်ဆေးပေးလျက်ရှိသော ဒိုင်နှင့်နည်းပြသင်တန်းများ၊ မွမ်းမံသင်တန်းနှင့် အဆင့်မြှင့်တင်စစ်ဆေးခြင်းသင်တန်းများသို့ တက်ရောက်အောင်မြင်ပြီး မြန်မာနိုင်ငံသားကရာတေးအခြေခံနည်းစနစ်များအား ကျွမ်းကျင်စွာတတ်မြောက်သည့်အပြင် WKF Rules and Regulations ကိုလည်းသိရှိနားလည်လိုက်နာကျင့်သုံးနိုင်သော National Federation Referee and Coach License Passbook ရရှိထားသူများ။

၂။ WKF, AKF License အောင်မြင်ထားသူများဆိုသည်မှာ World Karate Federation, Asia Karate Federation တို့မှဖွင့်လှစ်သော ဒိုင်နှင့်နည်းပြသင်တန်းများသို့ တက်ရောက်ဖြေဆိုအောင်မြင်ပြီး အဆင့်အမျိုးမျိုးနှင့် သက်တမ်းအသီးသီး သတ်မှတ်ရရှိထားသူများ။ (AKF License ဖြေဆိုရရှိရန် ဦးစွာ NF License ရရှိထားရမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ National Federation များ၏ထောက်ခံမှုဖြင့် Online မှတဆင့် တရားဝင်အဖွဲ့ချုပ်များ၏ Code Number များရိုက်သွင်းမှတ်ပုံတင်ရပြီး သင်တန်းနှင့် စာမေးပွဲကြေးများအား အချိန်မီပေးသွင်းနိုင်ရပါသည်။ Code Number ရရှိရန်မှာ NF များမှ WKFနှင့် AKF များသို့နှစ်စဉ်ကြေး နောက်မကျဘဲ ပေးသွင်းထားရန်လိုအပ်ပါသည်။)